Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Thursday, February 5, 2009

ခေါင်းစဉ်မဲ့

(Al-Nafisi) flickr.com

လွင်တီးခေါင်အလယ်
ရိုးပြိုင်းပြိုင်း ပင်အိုရိပ်ဝယ်
နားခိုခဲ့ဖူးတယ်

Wednesday, December 31, 2008

ဆောင်ပုဒ်

ငါ အတွေးနဲ့ ရူး
ရှာတူးဆွ အရိုင်းသံစဉ်၊
ဒါ ငါ့ဘ၀ ပျော်ရွှင်မှု
ဝါသနာ တစ်ခုမို့ပါ။

ခိုင်မြဲတဲ့ ဆောင်ပုဒ်
မလွဲမသွေ ကျင့်သုံးဖို့ကတော့ -
“ကိုယ် တူးဖွ စူးရှသံစဉ်
ရင်ဆိုင်ရန် အပြန်လမ်း”။ ။


American ကဗျာဆရာ Langston Huges ရဲ့ Motto ဆိုတဲ့ ကဗျာလေးကို ခံစားပြီးပြန်ရေးထားတာပါ။ ငယ်ငယ်တုန်းက “ငါလည်း ကဗျာတွေ ရေးနေတယ်”ဆိုပြီး သူငယ်ချင်းတွေကို ပထမဆုံးပြခဲ့တဲ့ ကဗျာပေါ့။ အခုပြန်ဖတ်ကြည့်တော့ အားနည်းချက်တွေ တွေ့ပေမယ့် မပြင်ပဲ မူရင်းအတိုင်း Post လုပ်လိုက်တယ်။ အမှတ်တရပေါ့။

Friday, December 26, 2008

ကျွန်တော်ကြိုက်သော ကဗျာတစ်ချို့

Serbian ကဗျာဆရာ Vasko Popa ရဲ့ Race ဆိုတဲ့ ကဗျာတစ်ပုဒ်ကို Post လုပ်လိုက်တယ်။ Vasko Popa ဟာ ရိုးရှင်းထိမိတဲ့ ကဗျာတွေနဲ့ ကမ္ဘာကျော်သူတစ်ယောက်ဖြစ်ပါတယ်။ ၀ါသနာပါရင် ဖတ်ပြီးခံစားကြည့်ဖို့ပါ။

Race


Some bite from the others
A leg an arm or whatever

Take it between their teeth
Run out as fast as they can
Cover it up with earth

The others scatter everywhere
Sniff look sniff look
Dig up the whole earth

If they are lucky and find an arm
Or leg or whatever
It's their turn to bite

The game continues at a lively pace

As long as there are arms
As long as there are legs
As long as there is anything

Vasko Popa

Monday, November 17, 2008

တားဆီးမှုများဆီသို့

အတားအဆီး ဒီနယ်နိမိတ်တွေ
အားလုံး - ငါ့အတွက်တော့
အနှောင့်အယှက်ပဲ။ ငါ့မှာ ဘာဆိုဘာမှ
မသိရနဲ့။ “ဗျူနိုအေးရီးစ်”ဒါမှမဟုတ်
“နယူးယော့ခ်” သူတို့အကြောင်း တကယ်ဆို
ငါသိသင့်တယ်။ “လန်ဒန်” မြို့ ပေါ်
အရောက်သွား၊ တစ်လမ်းဝင်
တစ်လမ်းထွက် လူတွေနဲ့
စကားပြောကြည့်ချင်တယ်။ “ပါရီ”မြို့ ကို
ဖြတ်သွားတဲ့ ဘတ်စ်ကားတစ်စင်းပေါ် တက်စီး၊
ချာတိတ်ငယ်တစ်ယောက်လို မနက်ခင်းတစ်ချို့ မှာ
အချိန်ဖြုန်းချင်သေးတယ်။ နောက်ပြီး
ငါလိုချင်တဲ့ အနုပညာပုံစံတစ်ခု -
ရင်ခုန်စရာကောင်းတဲ့ အသံနဲ့
ငါ့လို ဟန်မျိုးပေါ့။

Russian ကဗျာဆရာ Yevtushenko ရဲ့ Against Borders ဆိုတဲ့ ကဗျာလေးပါ။ ဆရာမြသန်းတင့်က ဘာသာပြန်ထားဖူးပါတယ်။ မှတ်မိသလောက် ပြန်ရေးပြီး Post လုပ်လိုက်တာပါ။