Sunday, November 30, 2008

သမီး နဲ့ သား




ကိုယ့် Blog ကိုယ် ပြန်မ၀င်ဖြစ်တာ အတော်ကြာပြီ။ Comments တွေ အများကြီးဖြစ်နေလို့ အံ့သြမိတယ်။ ဒီလို ၀င်ဖတ်ကြလိမ့်မယ်လို့ လုံးဝထင်မထားပါ။

စိတ်ထဲတော့ Post တွေ အများကြီးတင်ချင်ပါတယ်။ ဒါပေမယ့် အစစအရာရာ အခြေတကျမရှိသေးလို့ Blog ဘက် မလှည့်နိုင်ဘူး။ လက်ရှိ ရင်ထဲရှိတာလေးတစ်ခုကိုပဲ Share လုပ်လိုက်ပါတယ်။

Monday, November 17, 2008

တားဆီးမှုများဆီသို့

အတားအဆီး ဒီနယ်နိမိတ်တွေ
အားလုံး - ငါ့အတွက်တော့
အနှောင့်အယှက်ပဲ။ ငါ့မှာ ဘာဆိုဘာမှ
မသိရနဲ့။ “ဗျူနိုအေးရီးစ်”ဒါမှမဟုတ်
“နယူးယော့ခ်” သူတို့အကြောင်း တကယ်ဆို
ငါသိသင့်တယ်။ “လန်ဒန်” မြို့ ပေါ်
အရောက်သွား၊ တစ်လမ်းဝင်
တစ်လမ်းထွက် လူတွေနဲ့
စကားပြောကြည့်ချင်တယ်။ “ပါရီ”မြို့ ကို
ဖြတ်သွားတဲ့ ဘတ်စ်ကားတစ်စင်းပေါ် တက်စီး၊
ချာတိတ်ငယ်တစ်ယောက်လို မနက်ခင်းတစ်ချို့ မှာ
အချိန်ဖြုန်းချင်သေးတယ်။ နောက်ပြီး
ငါလိုချင်တဲ့ အနုပညာပုံစံတစ်ခု -
ရင်ခုန်စရာကောင်းတဲ့ အသံနဲ့
ငါ့လို ဟန်မျိုးပေါ့။

Russian ကဗျာဆရာ Yevtushenko ရဲ့ Against Borders ဆိုတဲ့ ကဗျာလေးပါ။ ဆရာမြသန်းတင့်က ဘာသာပြန်ထားဖူးပါတယ်။ မှတ်မိသလောက် ပြန်ရေးပြီး Post လုပ်လိုက်တာပါ။

Tuesday, November 11, 2008

ဖြစ်သင့်တာကြာလှပေါ့။

ယောင်တောင်ပေါင်တောင်နဲ့ အားကျမခံ “ဘလော့စပေ့”မှ နေရာယူပြီးပြီ။ ခေတ်နဲ့အညီဆိုတာ ဒါမျိုးပေါ့။ ခက်တာက ဘာရေးရမှန်း မသိဘူး။

  • ဟင်းချက်နည်းတွေနဲ့ စရင်ကောင်းမလား။ “ပီကင်းဘဲကင်”၊ “ဂျပန်ဆုရှိ”၊ “ကိုရီးယားပဲခေါက်ဆွဲ”။ နေပါဦး။ ငါက ဘဲဥတောင် ဖြောင့်အောင်ကျော်တတ်လို့လား။
  • ဒါမှမဟုတ်။ “အမ်အာတီ”ဆိုလား။ “၀ိုင်အိုင်တီ”ဆိုလား။ အဲဒီယာဉ်ပျံကြီးပေါ်မှာ တွေ့တဲ့လူတွေရဲ့ဘ၀ကို ချယ်မှုန်းမလား။ ဟ။ ငါလည်း တစ်ခါမှ မစီးဖူးဘူး။
  • သွားဖူးတဲ့ ခရီးစဉ်တွေအကြောင်း မှတ်တမ်းတင်မလား။ “လှိုင်သာယာသွားတောလား”၊ “ဘီယာယဉ်ကျေးမှုနှင့် ကန်သာယာ ခြောက်ကွေ့ ရွှေပေါက်ကံညများ”၊ မဟုတ်သေးပါဘူး။
  • ငါတတ်တဲ့ ပညာရပ်တွေကို ဖြန့်ဝေမလား။ “အော်တိုမေးရှင်း”၊ “အိုင်တီ”၊ “အကောင့်တင့်”၊ “အိပ်ရှ်အာ”။ ဘာတစ်ခုမှလည်း ထဲထဲဝင်ဝင် မသိပါလား။ 
  • ဘောလုံးအကြောင်း။ ဟုတ်ပြီ။ ဘောလုံးအကြောင်း ငါအတော်သိတာပဲ။ “အိမ်ကွင်း အဝေကွင်း”၊ “အပေါ် အောက်”၊ “တစ်လုံး ဆယ်ပြား”၊ “နှစ်လုံးသရေ”၊ “လယ်ဗယ်ရှုံး”။ ရေးမယ်လုပ်တော့မှ မှန်းစမ်း။ အချိန်က အတော်နှောင်းနေပြီ။ နောက်နေ့မှ ဆက်တော့မယ်။

ဘာပဲဖြစ်ဖြစ် “သိစိတ်အလျှင်”နောက်လိုက်ရင်းက အတော်ရေးဖြစ်သွားတယ်။ နက်ဖြန် ရွာက အမျိုးတွေကို ဖတ်ခိုင်းမယ်။ ကျောင်းထိုင်ဘုန်းဘုန်းကို “ကွန်မင့်” ရေးခိုင်းမယ်။ တယ်ဟုတ်ပါလား။ ရေးချင်ရာတွေရေးရတာ အတော်ပျော်ဖို့ကောင်းတယ်။ ဒါကြောင့် လူတွေ “ဘလော့ဂ်”စွဲ ကြတာဖြစ်မယ်။

ဘာပဲဖြစ်ဖြစ်လေ။ ဖြစ်သင့်တာကြာလှပေါ့။ ငါလည်း “ဘလော်ဂါ”ပဲကွ။