Saturday, June 4, 2011

လာပြန်ပြီ "Windows 8"

ဲ့

ပြီးခဲတဲ့ ဇွန်လ (၁)ရက်နေ့တုန်းက D9 Conference မှာ နောက်ထပ်မျိုးဆက်သစ် Windows 8 ရဲ့ User Interface ကို ပွဲထုတ်သွားတယ်။ ကျွန်တော်အထင်ပြောရရင် လတ်တလော Windows တွေ ရောင်းအားကျနေပြီ။ ဒီတော့ Microsoft အနေနဲ့ အဓိကပြိုင်ဖက် iOS နဲ့ Android တို့ကို ယှဉ်ဖို့ Touch Screen ပိုင်းကို အတော်လေးကြိုးစားထားပုံပဲ။ ကဲ . . . ၊ ပြောနေရင် ကြာပါတယ်။ အပေါ်က Video Clip လေးကိုသာ ကြည့်လိုက်ပါ။

Tuesday, February 9, 2010

ပိုက်ဆံပိုစတာ


“ဇင်ဘာဘွေ”တဲ့။ သိတဲ့ အတိုင်းပဲ။ ငွေကြေးဖောင်းပွတဲ့ နေရာမှာတော့ ဘယ်သူမှ မယှဉ်နိုင်ဘူး။ အထူးသဖြင့် ဒီပြဿနာတွေက အားလုံးသိတဲ့အတိုင်းပဲ သမ္မတ“မူဂါဘီ”လက်ထက်မှာ ပေါ်ခဲ့တာတာပါ။ ဇင်ဘာဘွေနိုင်ငံသား ဘီလီယံနာတွေအဖို့ ကိုယ့်ရပ်ကွက် ကိုယ်တောင် ပေါင်မုန့်တလုံးစီ လောက်ငအောင် မကျွေးနိုင်တဲ့ ဘ၀ကို ရောက်နေပါတယ်။ ဒီတော့ အတိုက်အခံတွေက ငွေစက္ကူတွေကို တစစီဆက်၊ ပိုစတာလိုဖြစ်အောင်လုပ်ပြီး သရော်ပါသတဲ့။