ယောင်တောင်ပေါင်တောင်နဲ့ အားကျမခံ “ဘလော့စပေ့”မှ နေရာယူပြီးပြီ။ ခေတ်နဲ့အညီဆိုတာ ဒါမျိုးပေါ့။ ခက်တာက ဘာရေးရမှန်း မသိဘူး။
ဘာပဲဖြစ်ဖြစ် “သိစိတ်အလျှင်”နောက်လိုက်ရင်းက အတော်ရေးဖြစ်သွားတယ်။ နက်ဖြန် ရွာက အမျိုးတွေကို ဖတ်ခိုင်းမယ်။ ကျောင်းထိုင်ဘုန်းဘုန်းကို “ကွန်မင့်” ရေးခိုင်းမယ်။ တယ်ဟုတ်ပါလား။ ရေးချင်ရာတွေရေးရတာ အတော်ပျော်ဖို့ကောင်းတယ်။ ဒါကြောင့် လူတွေ “ဘလော့ဂ်”စွဲ ကြတာဖြစ်မယ်။
ဘာပဲဖြစ်ဖြစ်လေ။ ဖြစ်သင့်တာကြာလှပေါ့။ ငါလည်း “ဘလော်ဂါ”ပဲကွ။
- ဟင်းချက်နည်းတွေနဲ့ စရင်ကောင်းမလား။ “ပီကင်းဘဲကင်”၊ “ဂျပန်ဆုရှိ”၊ “ကိုရီးယားပဲခေါက်ဆွဲ”။ နေပါဦး။ ငါက ဘဲဥတောင် ဖြောင့်အောင်ကျော်တတ်လို့လား။
- ဒါမှမဟုတ်။ “အမ်အာတီ”ဆိုလား။ “၀ိုင်အိုင်တီ”ဆိုလား။ အဲဒီယာဉ်ပျံကြီးပေါ်မှာ တွေ့တဲ့လူတွေရဲ့ဘ၀ကို ချယ်မှုန်းမလား။ ဟ။ ငါလည်း တစ်ခါမှ မစီးဖူးဘူး။
- သွားဖူးတဲ့ ခရီးစဉ်တွေအကြောင်း မှတ်တမ်းတင်မလား။ “လှိုင်သာယာသွားတောလား”၊ “ဘီယာယဉ်ကျေးမှုနှင့် ကန်သာယာ ခြောက်ကွေ့ ရွှေပေါက်ကံညများ”၊ မဟုတ်သေးပါဘူး။
- ငါတတ်တဲ့ ပညာရပ်တွေကို ဖြန့်ဝေမလား။ “အော်တိုမေးရှင်း”၊ “အိုင်တီ”၊ “အကောင့်တင့်”၊ “အိပ်ရှ်အာ”။ ဘာတစ်ခုမှလည်း ထဲထဲဝင်ဝင် မသိပါလား။
- ဘောလုံးအကြောင်း။ ဟုတ်ပြီ။ ဘောလုံးအကြောင်း ငါအတော်သိတာပဲ။ “အိမ်ကွင်း အဝေကွင်း”၊ “အပေါ် အောက်”၊ “တစ်လုံး ဆယ်ပြား”၊ “နှစ်လုံးသရေ”၊ “လယ်ဗယ်ရှုံး”။ ရေးမယ်လုပ်တော့မှ မှန်းစမ်း။ အချိန်က အတော်နှောင်းနေပြီ။ နောက်နေ့မှ ဆက်တော့မယ်။
ဘာပဲဖြစ်ဖြစ် “သိစိတ်အလျှင်”နောက်လိုက်ရင်းက အတော်ရေးဖြစ်သွားတယ်။ နက်ဖြန် ရွာက အမျိုးတွေကို ဖတ်ခိုင်းမယ်။ ကျောင်းထိုင်ဘုန်းဘုန်းကို “ကွန်မင့်” ရေးခိုင်းမယ်။ တယ်ဟုတ်ပါလား။ ရေးချင်ရာတွေရေးရတာ အတော်ပျော်ဖို့ကောင်းတယ်။ ဒါကြောင့် လူတွေ “ဘလော့ဂ်”စွဲ ကြတာဖြစ်မယ်။
ဘာပဲဖြစ်ဖြစ်လေ။ ဖြစ်သင့်တာကြာလှပေါ့။ ငါလည်း “ဘလော်ဂါ”ပဲကွ။
6 comments:
ကျောင်းထိုင်ဘုန်းဘုန်းကတော့ ခုချိန်ဆို ကျိန်းနေလေရဲဗျာ...။ ကျွန်တော်တော့ ခင်ဗျားရွာကလူတွေ လာမကွန့်ခင်ကြိုကွန့်လိုက်တယ်...။
ဘလော့စပေါ့တ် ကိုယ်စား ကြိုဆိုပါတယ်...။
ကန်သာယာ ခြောက်ကွေ့ကို မရောက်ဖူးပေမဲ့...။ အမ်အိုင်တီက မြသီဒါ ပဲလှော်ဖို ထန်းတောထဲက နွားချေးနဲ့ ကြွက်ကြော်ကို ထန်းရည်နဲ့ မြည်းဖူးပါတယ်လို့ မိတ်ဆက်ပါရစေ...။
ရေးချင်တာသာရေး လာဖတ်မယ့်သူတွေရှိတယ်
ရေးသာရေး ဖြစ်သွားလိမ့်မယ်
အမယ်လေး ကောင်းပ
warmly welcome to u :)
မှန်ပ နေရာယူတာမခက် နေရာမြဲအောင်လုပ်ရတာသာခက်
အဲလေ.. ရောကုန်ပီ ရေးဖို့စဉ်းစားရတာသာခက်
ရေးချင်တာသာရေးပါ
ဖတ်လို့ကောင်းတာမှန်သမျှ လာဖတ်ကြမှာပါ
ရေးပါ။ ရေးပါ။
ရေးချင်တာသာရေးပါ.....
လာဖတ်မှာပါ။
မြှောက်ပေးတဲ့သူ တယ်များပါလား။ အလကားပဲတင်းနဲ့ ဒူလာဖြစ်၊ ခါးနာ၊ လက်ညောင်း၊ ဦးနှောက်ပင်ပန်း၊ တဲ့အလုပ်အတွက် အားရ၀မ်းသာ လက်ကမ်းကြိုဆိုနေကြတယ်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်ဂါ ဖြစ်ပြီဆိုတော့ ရေးဖို့တာဝန်ရှိလာပြီ။ ရေးပေတော့ (၀င်မြှောက်ပေးတာ)
Post a Comment