တခါတလေ ဖတ်မိမှတ်မိတဲ့ အထဲက ကောင်းတာလေး တချို့ တွေ့ရင် မျှဝေချင်တယ်။ လောလောဆယ်တော့ ၂၀၀၉ ဧပြီလ `မဟေသီ´ထဲပါတဲ့ `ခုံ´ဆိုတဲ့ ၀တ္ထုတိုလေးကို မျှပေးလိုက်တယ်။ စာရေးဆရာက ထူးထူးထွေထွေ မိတ်ဆက်ပေးဖို့ လိုမယ်မထင်ဘူး။ လူသိများတဲ့ ဆရာ`သုမောင်´ပါ။
အခုတလော အတော်လေး လူပြောများတဲ့ ၀တ္ထုတိုလေးပါ။ ဝေဖန်ရေးဆရာတွေလည်း ကြိုက်ကြတယ်။ ရိုးစင်းလွန်းတဲ့ နေ့စဉ်အဖြစ်အပျက်လေးတခုကို အမိအရဖမ်းပြီး လူတယောက်ရဲ့အတ္တကို ပေါ်လွင်အောင် ရေးဖွဲ့နိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ သူငယ်ချင်းတို့လည်း အချိန်ရရင် ဖတ်ကြည့်ဖို့ ညွှန်းချင်သေးတယ်။
(ခွင့်ပြုချက်တောင်းခံထားခြင်းမျိုး မရှိသေးပါဘူး။ မူပိုင်ခွင့်နဲ့ ငြိစွန်းတယ်ဆိုရင် ကျွန်တော်ကပဲ တာဝန်ယူပြီး ပြန်ဖျက်ပေးပါမယ်။)
Wednesday, June 3, 2009
Subscribe to:
Post Comments (Atom)
4 comments:
ဟင် အဲလိုလဲတင်လို့ရလား။ အကုန်တော့ ပြန်မရိုက်ဘဲနဲ့။ဟွန့်
ပညာရှိဆိုတော့ဒီလိုပေါ့ ကိုကိုဒီဘီရယ်။
အဲဒါကတော့ ကိုယ်တွေ့ပါပဲ..
ရုံးမှာ ထမင်းစားပွဲက ထိုင်ခုံတွေဆင်တူ..ဘာနံမည်မှလည်း ကပ်မထားလို့ ရောက်ခါစမှာ ခုံအလွတ်တခုမှာ ၀င်ထိုင်လိုက်တော့ HR က အဲ့ဒါ သူ့ခုံ ဘာလို့ဝင်ထိုင်တာလည်း အပြောခံရဖူးပါတယ်..
(နောက်ပိုင်း သူများတွေမေးကြည့်တော့ ဘာမှလည်းမဟုတ် အခု သုမောင်ရဲ့ လက်ဖက်ရည်ဆိုင်ကခုံလိုပါပဲ)
သုမောင်ဖတ်သွားသည်။ မျှဝေပေးတဲ့ ကိုကေကိုကျေးဇွန်း...။
Post a Comment