ဒီနေ့မနက် စိတ်ကူးပေါက်တာနဲ့ ထမင်းကြော်ကို ကိုယ်တိုင်ကြော်စား ဖြစ်တယ်။ ထမင်းကြမ်းဆိုတော့ အေးတိအေးစက်နဲ့ ကြော်စားလိုက်တော့ ပိုပြီးအဆင်ပြေသလိုပဲ။ ဒီထက်ပိုပြီး သေချာအောင်ပြောရရင် အခုတလော ငွေစမရွှင်လို့ မနက်စာကို အိမ်မှာပဲ ရှာကြံဗိုက်ဖြည့်တဲ့ သဘောပါ။
ထမင်းကြော်တာလား။ လွယ်ပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်လေး တချို့ရှိတယ်။ ကျွန်တော်ကတော့ ပန်းကန်ပြားတချပ်ကို ယူပြီး ထမင်းတွေကို ပထမဆုံးဖွထားလိုက်တယ်။ ပြီးမှ ဒယ်အိုးထဲ ဆီပူတိုက်ပြီး ကြက်သွန်ဖြူနီ ကြိုက်ရာကို ဆီသတ်တယ်။ ကြက်သွန်ကျော် အနံ့ထွက်လာရင် ကြက်ဥတလုံးဖောက်ထည့်ပြီး သံယောင်းမနဲ့ မွှေလိုက်တယ်။
ထမင်းထည့်ဖို့ အချိန်တန်ပါပြီ။ ဆားနဲ့ သကြားတန်ရုံဖြူး။ များသွားလည်း အရေးမကြီးဘူး။ ထမင်းထပ်ထည့်ပေါ့။ အချိုမှုန့်ကို ကြိုက်ရင်ထည့်၊ မကြိုက်ရင် မထည့်နဲ့။ အရေးအကြီးဆုံးက ပဲငန်ပြာရည်အကြည်ပဲ။ ထမင်းကြော်အရသာကို သိသိသာသာကောင်းသွားစေတယ်။ ထမင်းကြော်ဖို့ သီးသန့် ပဲငံပြာရည်အကြည်လည်း ရှိတယ်။ မေးပြီး ၀ယ်လို့ရမယ် ထင်တာပဲ။ ပဲငံပြာရည်အနောက်ကိုတော့ အရောင်လိုမှ ထည့်။ သံယောင်းမနဲ့ နှံ့အောင် ခဏမွှေပြီးရင် ငြုတ်ကောင်းမှုန့် နည်းနည်းဖြူး။ စားလို့ ဖြစ်ပြီ။
ဒါ့ထက် ယောက်ျားလေးတွေလည်း ထမင်းဟင်းချက်တတ်ပါတယ်။ ထန်းတက်လက်မှတ် ရသွားမှာစိုးလို့ ရူးချင်ယောင်ဆောင်နေတာ။ သဘောပေါက်။
8 comments:
15 May 09, 07:28 PM
ုkom: စန်ဒါ ဘယ်လိုလုပ်ရောက်လာတာလဲ
15 May 09, 07:28 PM
ုkom: စားချင်လိုက်တာကွယ်။ အစကမခင်မိတာ နာတာဘဲ။
15 May 09, 07:27 PM
sandakoo: correct
15 May 09, 07:27 PM
ုkom: အသေးတပုလင်းလေးတလုံးကို ။
15 May 09, 07:27 PM
ုkom: နွားအိုနောက်ကျသားဆိုသလိုဘဲ အခုမှ ထမင်းပြောင်သင်နေတယ်တိုရင်တော့လည်းကြည်ါ်မကောင်းပါဘူး။ ရှိတယ်။ အရည်ကြည်လေးတွေ အန်တီယူစီကနေ ဝယ်ထားတယ။် မက်ဂီဘဲ တကျပ် နဲနဲကျော်တယ်။ တစ်နှစ်မက သုံးနစ်လောက်တောင်သုံးရသေးတယ။
15 May 09, 07:25 PM
ုkom: ပဲငန်ပြာရည် အကြည် မထည့်မိဘူးထင်တယ်။ စူတတ်တယ် မပါဘူးး
ကောင်းတသွားတယ်ဆိုရင်တော့လည်းထည့်ရတာပေါ့
15 May 09, 07:25 PM
ုkom: မွေတာ ကတော့ ကြုံရာနဲ့ မွေတာပါဘဲ ဇွတ်းတော့မသုံးပါဘူး ထမင်းခတ်တဲ့ယောင်းမလည်းဖြစ်ချင်ဖြစ်သွာှးမှာဘဲ ဘာနဲ့ဘဲ မွေမွေပါ။
15 May 09, 07:24 PM
ုkom: တို့နည်းကလား ထမင်းကိုအိုးထဲထည့်လိုက်တယ်။ ကြက်ဥတစ်လုံးထောက်ထည့်လိုက်တယ။် ဆားမချိုမျူန့်ထည့်ပြီး လက်နဲနယ်လိုက်တယ။် အိုးထဲကိုဆီထည့်တယ်။ ပြီးရင် ထမ်ငးတွေ ထည့်တယ်။ ပုဇန်ခြောက် ကို လျောက်ဖြန်ါ်လိုက်တယ။် မမြ
15 May 09, 07:22 PM
ုkom: သူပြောတာနဲ့ကိုယ်ပါ ကျော်စားရမလို ခက်တာ က ထမင်းမရှိဘူး ကိုမမနာလာ အိမ်မြှ မစားလို့ မချက်မိဘူး အခုသွားတည်လိုက်သီးမယ်။
15 May 09, 07:21 PM
ုkom: ငွေစရွင် စိတ်မငြစ်ပါနဲ့ကွယ်. အမေကပြောခဲ့တယ။် ဥစာ ကံပေးမရသေး နောက်နေးဗျာပါ မရှီရာနဲ့ တချိန်မှာ အဆင်ပြေသွားမှာပါ။
15 May 09, 07:20 PM
ုkom: ထမင်းကြော်ကို အရင်ဆုံး အကျယ်ချှဲ့လိုက်တယ်။ မဆြိုဘူးဘဲ အလုပ်ဖြစ်မယ။် ကြည်ကဥနဲ့ဘဲ ကြောထားတာပါ။ ရန်ကုန်မှာတော့ဘဲဥရပြီ။ ဘာနဲ့ ကြောလဲ။
15 May 09, 07:19 PM
ုkom: လာဖတ်ပြီနော်။ တို့ကတော့ ဟင်းဟင်းစဟင်
စားချင်လိုက်ထှာ
မှန်၏ ယောကျာ်းလေးတွေ ထမင်းချက်တတ်လိုက်တာများ လွန်လို့ :D
မစားချင်စဖွယ်ပါလား။ :D
mm
အရည်ပါဘူးလား.. (ရေနွေးကြမ်း စသည်..)
အရက်ပါချင်ပါမှာ..ညကအရက်နာကို ဖြေဖို့လေ။
mm
ဒါ့ထက် ယောက်ျားလေးတွေလည်း ထမင်းဟင်းချက်တတ်ပါတယ်။ ထန်းတက်လက်မှတ် ရသွားမှာစိုးလို့ ရူးချင်ယောင်ဆောင်နေတာ။ သဘောပေါက်။
** ပေါက်ပါတယ် မဖွနဲ့လေ ဟီးဟီး
ကြီးကြီးကျယ်ကျယ် လျှို့ဝှက်ချက်တွေ၊သံယောင်းမ တွေလုပ်နေသေးတယ်၊ဓါတ်ပုံကြည့်ရတာနဲ့တင်ထမင်း
စားချင်စိတ်ပျောက်တယ်။
အေးလေ။
strike ပြောတာ ဒီတခါပဲ မှန်သေးတယ်။
Post a Comment