Thursday, March 12, 2009

ကမ္ဘာ့အချမ်းသာဆုံး ၂၀၀၉


၂၀၀၉ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး (၁၀)ဦး စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ကြေငြာလိုက်ပါပြီ။

လတ်တလော ကမ္ဘာ့စီးပွါးရေးက အခြေအနေမကောင်းလို့ သူတို့လို ထိပ်တန်းသူဌေးကြီးတွေ ကိုယ်တိုင်တောင် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အားလုံးသိကြတဲ့ Microsoft ကုမ္ပဏီပိုင်ရှင် သူဌေးကြီး Bill Gates ဆိုရင် ပြီးခဲ့တဲ့နှစ်ထဲ ဒေါ်လာ (၁၈)ဘီလီယံတောင် အရှုံးပေါ်တယ်တဲ့။ Investment လောကမှာ လူတိုင်းလေးစားရတဲ့ သူဌေးကြီး Warren Buffett ရဲ့အရှုံးက ပိုဆိုးပါတယ်။ ဒေါ်လာ (၂၅)ဘီလီယံတောင် ဆိုပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး ကမ္ဘာအချမ်းသာဆုံး နံပါတ် (၁)နဲ့ (၂)နေရာကို ယူထားဆဲပါ။ IT လောကမှာ နာမည်ကြီးတဲ့ Oracle ကုမ္ပဏီပိုင်ရှင် Lawrence Ellison ကတော့ အဆင့်(၄) ချိတ်ပါတယ်။ သူကလည်း အားကျမခံ အရှုံးပေါ်တယ်တဲ့။ အားလုံး ဆင်ပိန်ကျွဲလေးတွေပေါ့။

အောက်မှာ ကမ္ဘာအချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး (၁၀)ဦးရဲ့ စာရင်းပါ။
  1. William Gates III (U.S) $40.0 bil - Microsoft (IT)
  2. Warren Buffett (U.S) $37.0 bil - Berkshire Hathaway (Investments)
  3. Carlos Slim Helú (Mexico) $35.0 bil - Telecom (Telecommunication)
  4. Lawrence Ellison (U.S) $22.5 bil - Oracle (IT)
  5. Ingvar Kamprad (Sweden) $22.0 bil - Ikea (Retail)
  6. Karl Albrecht (Germany) $21.5 bil - Aldi (Retail)
  7. Mukesh Ambani (India) $19.5 bil - Petrochemicals (Manufacturing)
  8. Lakshmi Mittal (India) $19.3 bil - Steel (Manufacturing)
  9. Theo Albrecht (Germany) $18.8 bil - Aldi & Trader Joe's (Retail)
  10. Amancio Ortega (Spain) $18.3 bil - Zara (Retail)

ပြီးခဲ့တဲ့ နှစ်တုန်းက ဘီလီယံနာ သူဌေး (၁,၁၂၅)ယောက်တောင် ရှိခဲ့ပေမယ့် အခု (၇၉၃)ယောက်ပဲ ကျန်တော့တယ်။ ဒေါ်လာ (၁.၄)ထရီလီယံ တန်ဖိုးရှိတဲ့ ဥစ္စာဓနတွေကတော့ ကြက်ပျောက်ငှက်ပျောက် ဘယ်ရောက်ကုန်တယ် မပြောတတ်ဘူး။ လူဆင်းရဲတွေလက်ထဲ မရောက်တာတော့ သေချာတယ်။ ကမ္ဘာကြီး ဆင်းရဲသွားပြီလား။ ရင်လေးစရာပဲ။

10 comments:

khin oo may said...

ကိုကေ..စကားလုံးတွေ ပါးစပ်ကြိးနဲ့ မဆန့်တော့ဘူ. နဲနဲ လျော့ပါဦး။

khin oo may said...

ဘာမှ ရင်လေးနေနဲ့ .။ ဘယ်သူသေသေငတေမာပြီေးရာ။

khin oo may said...

ကိုကေ ပုံလေးနဲ့ လဲ လိုက်စမ်းပါ. အဲဒီလူကြီးမကြည့်ချင်ပါဘူး.

khin oo may said...

13 Mar 09, 01:18 AM
ုkom: စောင်နေတာ။ စောစောကသိချင်းလာကြည့်ပြိးသွားပြီ

khin oo may said...

တစ်ယောက်ချင်း သေချာ ထောက်ကြည့်သွားတယ်။ ကိုကေ ကိုများတွေ့မိလေမလား မျော်လ်င်္င့ချက်ကလေးနဲ့

ksanchaung said...

အခွင့်ကြုံတုန်း ၀အောင်ပြောရတာ။ ဗြဟ္မစိုရ်တရား လေးပါးကို လက်ကိုင်ထား။ ကိုယ့်ပတ်ဝန်းကျင် အားလုံးအဆင်ပြေမှ ကိုယ်ပါအနေအစားချောင်မှာ။

khin oo may said...

ဟိုလူကြီးကနေ ကိုကေဖြစ်သွားတာ အဲလိုလား။ ဟွန်း

မီယာ said...

ဘီလီယံနာတွေ များလှချည်လား... သိတဲ့ သူ ဘယ်သူပါသေးလဲ... ဥပမာ မမ KOM

ကြည် said...

အော် သူတို့မှာတော့ "ဆင်ပိန် "ကျွဲဖြစ်နိုင်သေးတယ်။ ကိုယ်တွေမှာတော့ "ခြင်ပိန် "ဆိုတော့ ဘယ်လိုလုပ်ကြမတုန်း ကိုကေရ။

:P said...

sindanlar နာမည် စာရင်းမှာ ကျန်ခဲ့ပါတယ်..။ အဲဒါလာပြောတာ