Wednesday, February 18, 2009

ကံမကုန်ရင် ပြန်ဆုံကြဦးမယ်

(Pacha Mama) Flickr.com

ဒီနေ့ညနေ စီးတီးဟောလ်ကို ရောက်တယ်။ ဘုရား ဘုရား။ ငွေဈေးတွေကလည်း ထိုးကျနေလိုက်တာ အ၀ီစိတောင် ရောက်တော့မလားပဲ။

အောက်ထပ်ကိုဆင်းတော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ မျက်နှာမကောင်းလို့ မေးကြည့်လိုက်မှ ဒီနေ့ပဲ အလုပ်ပြုတ်သွားပြီတဲ့။ ရောက်တာ နှစ်နှစ်ကျော်ပါပြီ။ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံများပြီး ထူးချွန်သူတစ်ယောက်ပါ။ ပီအာရ်လည်း ကျပြီးသားမို့ တော်သေးတယ်ပဲ ပြောရမယ်။

အလုပ်ပြုတ်တဲ့ သတင်းတွေ ကြားတာကြာပါပြီ။ ဒါပေမယ့် ဒီအပတ်ထဲ အတော်အခြေအနေ ဆိုးလာပုံရတယ်။ တဖြုတ်ဖြုတ်နဲ့ အသိမိတ်ဆွေထဲကတင် ဆယ်ယောက်ကျော်သွားပြီ။ အိုင်တီသမား အများဆုံးပဲ။ အင်ဂျင်နီယာလိုင်းက နှစ်ယောက်ပါပေမယ့် ချက်ချင်းအလုပ်ပြန်ရသွားတယ်။

ကျွန်တော်လည်း ပြုတ်တာကြာလှပေါ့။ ဘောဇိက အီးပီပြန်မရုတ်သိမ်းသေးလို့ ကျေးဇူးတင်နေရတယ်။ အိုင်တီသမားပေမယ့် စလုံးမှာတော့ ပွဲမတိုးဘူး။ အင်ဂျင်နီယာဘွဲ့လေးဘန်းပြပြီး အရပ်ကူပါလူဝိုင်းပါ လုပ်လိုက်မှ အင်တာဗျူးလေး ဟိုတစ်စဒီတစ်စရတယ်။ တစ်ခုက အတော်နီးစပ်နေပြီ။ အဲဒီ့တစ်ခု အဆင်မပြေလို့ကတော့ ဘိုင်းဘိုင်စင်ကာပူပဲ။

စလုံးလာပြီး ဒုက္ခခံလိုက်တာ ရှိစုမဲ့စုလေး ကုန်ရှာပြီ။ အလုပ်လည်း ပြုတ်ဖူးသွားပြီ။ အတွေ့အကြုံပေါ့။ ဘလော့လေးတစ်ခုပဲ အမြတ်ထွက်တယ်။ အင်တာနက်ကြီးရှိနေသရွေ့ အွန်လိုင်းကနေ ဆုံကြမယ်။ ကောင်းလေစွ။ ကောင်းလေစွ။

9 comments:

PAUK said...

ပျော်ပျော်နေ သေခဲတဲ့..
စိတ်ပူနေလို့ရော..ဘာထူးလာမှာလဲ..နော့..
ဖြစ်သမျှရင်ဆိုင်နိုင်ဖို့အဓိကပဲ..နော့..
ဘာပဲဖြစ်ဖြစ်..
စိတ်ဓါတ်တွေ မကျအောင် နေရတော့မှာပေါ့
ကိုစမ်းချောင်း..အဆင်ပြေပါစေ..

khin oo may said...

အားငယ်တတ်ပုံတော့မရပါဘူး။ စိတ်ငြစ်မယ် ဆိုရင်တော့ငြစ်စရာပေါ့။
ဘွဲ့က မျက်နှာရှိပါတယ်။ ရသွားမှာပါ။

စလုံးမှာ အခြေကျပြီးသားလူတွေ လည်း အစမှာ ဒိလိုပါဘဲ။

စောစော ရောက်ခဲ့ရင် စောစော ဒုတ်ခ ရောက်ပြီး အခြေကျသွားတယ်။ ချွေးနဲ့သွေးနဲ့ တင် ရင်းရတာ မက..မျက်ရည်နဲ့ပါ ရင်းခဲ့ရပါသေးတယ်။

လူမသေ .ငွေမရှားပါဘူ.း။ ပိုက်ဆံက ပြန်ရှာရင် ရပါတယ။် အရေးကြီး တဲ့ ကျန်း မာ ရေး ကောင်း နေတယ်ဆို ရင် မဆိုးဘူး။ ထမင်း နျစ်နပ်ဘဲစားတာပါ။ အလုပ်ပြုတ်ဘူးတာ သင်တစ်ယောက်ထဲ မဟုတ်။ သင် မမွေးခင်ကတည်း ကကျွန်ပ်တို့ ပြူတ်ဘူးသည်။ မျက်ရည် ပေါက်ပေါက် ကျခဲ့ရဘူးသည်။

ဒါ ထုံးစံပါဘဲ။
အဆင်ပြေသွားမှာပါ။ အဲဒီအခါကျရင်သာ ဒိက မျက်နှာမွဲလေး တွေ ကို မေ့မသွားပါနဲ့။

khin oo may said...

တို့က အရင်ဖတ်နေတာ.ပေါက်က ထုံးစံအတိုင်းခပ်သုတ်သုတ် လာပြိးမန့်သွားတာပါ။

PAUK said...

ဟားဟား...
ကျနော်က မမဖက်မှာတွေ့လို့ ၀င်လာဖတ်တာ..
ပြီးတော့ မန့် လိုက်တယ်..
ပြီးမှ...စီဘုံးမှာ မမ ကိုတွေ့တာ..
ကျနော်က စာဖတ်တာ မြန်တယ်..
မန့်တာ လည်း မြန်တယ်..
စိတ်ပါရင် ဘာလုပ်လုပ် မြန်တယ်..
ဟားဟားး
ဆောတီးပါ...အာဘွားး..အာဘွား..

khin oo may said...

တို့ကတော့ နေးနေးဘဲ။ feel ကလေးနဲ့ ဖတ်တယ်။
ဘယ်လိုဖတ်ဖတ်ပါလေ.
ဖတ်ဖြစ်ဘို့အဓိကဘဲ။

Moe Cho Thinn said...

အဆင်ပြေမှာပါ။ အဆင်ပြေဖို့လဲ ဆုတောင်းပေးပါတယ်။ မမ မန့်တာ ဖတ်ပြီး သဘောကျသွားတယ်။ အရမ်းဝါရင့်နေပြီဆိုတဲ့သဘော ကို သဘာနဲ့ ပြသွားတယ် :)
တကမ္ဘာလုံး ဖြစ်နေတာပါ ကိုစမ်းချောင်းရေ။ အများနဲ့မို့ စုန်အတူ ဆန်အတူပေါ့ လို့ ရင်ဆိုင်ရမှာပါပဲ။ အမတို့ဆီမှာလဲ ဒီလိုပါပဲ။ ပိုတောင် ဆိုးအုံးမယ် ထင်မိတယ်။ အာနိုးကလဲ governor ဆိုတော့ ဘတ်ဂျက်တွေ လျှော့မယ်၊ အလုပ်တွေ ဖြုတ်မယ်နဲ့ တကြိမ်းတည်း ကြိမ်းနေတာပါ။ သူ့ကိုလူတိုင်း မုန်းတယ်။ ဘယ်တော့မှ သူ့ရုပ်ရှင် မကြည့်တော့ဘူး။ (ကိုယ်က ဒါပဲ တတ်နိုင်တာလေ..:)

မီယာ said...

ကြားရတာ စိတ်မကောင်းပါ... အားလုံးဝမလျှော့ပါနဲ့။ တတ်နိုင်ရင် ကိုယ်ကိုယ်တိုင်လည်း ရှာ.. agency နဲ့လည်း ရှာပါလား။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်ကြတာဆိုတော့ အခြေမကျသေးတဲ့ သူတိုင်း ကိုယ့်အလှည့်ဘယ်တော့ ရောက်မလဲ စိုးရိမ်နေရတာပါ။ stay ရှိနေတုန်း မြန်မြန် အလုပ်ရဖို့ အရေးကြီးတယ်လေ။ Best of luck!

MrDBA said...

ဟေ့လူကြီး ..ရမှာပါဗျာ။ နို့ဟိုနေ့ကတွေ့တော့ အိုကေတယ်ဆိုဗျ။ စိတ်မပျက်ပါနဲ့။

:P said...

အလုပ်သစ် အမြန်ရပါစေ ရှင်......