Monday, February 23, 2009
အလှမက်တဲ့ “စ”လုံးတွေ
အလုပ်တွေကလည်း ပြုတ်လိုက်ကြတာ တဖြုတ်ဖြုတ်။ တိုင်းပြည်စီးပွါးရေးကလည်း အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပြီ။ ဒါပေမယ့် “စ”လုံး (၁၀)ယောက်မှာ (၇)ယောက်က အလှကုန်ပစ္စည်းတွေ ၀ယ်သုံးလို့ ကောင်းတုန်း၊ အလှပြင်ဆိုင်တွေမှာ ၀င်ဖြုန်းလို့ ကောင်းတုန်းပဲ။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်လေးတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းတစ်ခုကနေ သိရတာပါ။
BeautyAsia 2009 ကုန်စည်ပြပွဲကို စီစဉ်သူတွေဆီက ရတဲ့ စစ်တမ်းတစ်ခုရှိပါသေးတယ်။ စစ်တမ်းအရ မေးခွန်းနှစ်ခုမေးတိုင်း တစ်ခုမှာ “စ”လုံးတွေအနေနဲ့ ကိုယ့်ကိုကိုယ် လှအောင်ပြင်ဖို့ အနည်းဆုံး တစ်လကို ဒေါ်လာ(၅၀)လောက် သုံးမယ်လို့ ပြန်ဖြေတယ်။ တတိယအုပ်စုကတော့ အသုံးအစွဲလျှော့ဖို့ ကြိုးစားနေသူတွေပါ။ ဒါပေမယ့် အလှအပနဲ့ပတ်သက်လာရင် လျှော့လို့မဖြစ်သေးဘူးလို့ ပြောပါတယ်။
“ကျွန်မတို့ စင်ကာပူနိုင်ငံသားတွေအတွက် အလှအပက ဒီလောက်အရေးကြီးမှန်း ကျွန်မကိုယ်တိုင်တောင် မစဉ်းစားမိဘူး ”လို့ ပြပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ Gillian Loh က မှတ်ချက်ပေးပါတယ်။
အလှအပနဲ့ပတ်သက်လို့ အကြောင်းမဲ့ဈေးဝယ်ထွက် ပိုက်ဆံဖြုန်းတယ်ဆိုတဲ့ အယူအဆက လူဦးရေ (၄.၆)သန်းနဲ့ မြို့ပြနိုင်ငံလေးအဆင့်မှာ ကျန်ခဲ့ပါပြီ။ Orchard Road ပေါ်က ကုန်တိုက်ကြီးတွေထဲဝင်ပြီး အလှကုန်ကောင်တာရှေ့မှာ တိုးကျိတ်ဝယ်ရတာမျိုးဟေ့လို့ ပြောရင် ဒီနေ့ခေတ်ကလေးတွေက ရယ်ကြဦးမယ်။
“အများစုအနေနဲ့ ဒါကို လျှပ်ပေါ်လော်လီတယ်ဆိုတာမျိုးထက် မရှိမဖြစ် လိုအပ်ချက်တစ်ခုလို့ ယူဆကုန်ကြပြီ”လို့ Gillian က ပြောပါတယ်။
အခု စစ်တမ်းတွေအတိုင်းဆိုရင် ဘောဂဗေဒပညာရှင်တွေ ပြောလေ့ပြောထရှိတဲ့ "lipstick factor" ကို အတည်ယူရမလိုဖြစ်နေပြီ။ စီးပွါးကျလို့ ငွေကျပ်ပြီး ဇိမ်ခံပစ္စည်းတွေ မ၀ယ်နိုင်တဲ့နောက် အလှကုန်လို တန်ဖိုးနည်းတာလေးတွေနဲ့ စိတ်ဖြေကြရတာမျိုးပေါ့။ ခေတ်အဆက်ဆက် ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီး ရှိခဲ့ဖူးတယ်။
စင်ကာပူအစိုးရကတော့ နေ့စဉ်နဲ့အမျှ သတိပေးနေတာပဲ။ တိုင်းပြည်စီးပွါးရေးက လာမယ့်နှစ်ထဲ (၅%)တောင် ထပ်ပြီးကျုံ့သွားဦးမယ်တဲ့။ ဒါပေမယ့် (၃၆%)သော “စ”လုံးတွေအနေနဲ့ သူတို့ရဲ့ လက်ရှိလူနေမှုပုံစံ အဆင်အတန်းအတိုင်း လာမယ့်နှစ်ထဲ ရှေ့ဆက်ချင်ပါသေးတယ်။ ဇန်န၀ါရီလတုန်းက အသက် (၁ဂ)နှစ်ကျော်တဲ့ လူတစ်ရာအပေါ် လျှပ်တပြက်ကောက်ခဲ့တဲ့ စစ်တမ်းတစ်ခုရဲ့ ရလဒ်ပါ။
နောက်ဆုံး အလှအပနဲ့ပတ်သက်ပြီး အသုံးအစွဲဆင်ခြင်မယ့် ဦးကပ်စေး၊ ဒေါ်ကပ်စေးတွေတောင်မှ ကမ္ဘာကျော်တန်ဖိုးကြီးပစ္စည်းတွေ ၀ယ်မသုံးနိုင်တဲ့တစ်နေ့ ပြည်တွင်းဖြစ်ပေါချောင်ကောင်းလေးတွေ ရှာသုံးဦးမှာတဲ့။ ကဲ၊ မှတ်ကရော။
(Ref: Beauty and Recession Only Skin Deep in Singapore Poll - Reuters)
Subscribe to:
Post Comments (Atom)

5 comments:
သူတို့ ပိုက်ဆံကုန်ခံ၊ အလှကုန်ဝယ်၊ အလှပြင်ပြီး
သူများတွေ ကြည့်ရင် စိတ်ချမ်းသာအောင် အလှူလုပ်တဲ့သဘောထင်တယ်....။
အိမ်ဦးနတ်ကို ဒါပေးဖတ်ဦးမှ....
sin dan lar
နဂိုရှိမှ နဂိုင်းထွက်တာပါနော့်။ ဟိဟိ
ဘာလို့ အဲလောက် အလှကြိုက်ကြလည်း မတိ။
:P
ပို့စ်အသစ်ရေးတာတွေ့လို့ ပြေးလာတာ...
မားကက်တင်း ကောင်းလို့ အလှပြင်ပစ္စည်းတွေ ရောင်းရတာ ထင်ပါတယ်.. ယောကျာ်းလေးတွေကလည်း မိန်းမနည်းတူ အလှပြင်ကြတာ လက်တွေ့။
ဘာမှ မှတ်စရာမရှိ။်။ပိုက်ပိုက်မရှိရင် ပါတာနီကလေးတောင် နှူတ်ခမ်းမှာ ဆွတ်လိုက်ဦးမယ်။
Post a Comment